မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ဆောင်နေမှုအားကြည့်ရှု
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြို့သစ်မြို့၊ ဝါးကြီးအိုင်ကျေးရွာအတွင်း မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာအုပ်စု၊ ဝါးကြီးအိုင်ကျေးရွာ၊ “ရွှေစေတီ”ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင်ပြုလုပ်ရာ၊ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့စမ်းသပ်မဲပေးခြင်းများအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။