ကွန်ဟိန်း ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယနေ့နံနက်(၉)နာရီခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်ဘာသာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ရာ ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-9 မှ Grade-12အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိဆရာ၊ ဆရာမများက ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)