ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွားများအား သွေးတိုး၊ ဆီးချိုရောဂါအကြောင်း ဆွေးနွေးဟောပြောပွဲ ပြုလုပ်

ဟိုပုံး ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သက်ကြီးဘိုးဘွားများအား သွေးတိုး၊ ဆီးချိုရောဂါအကြောင်း ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများအား မကူးစက်တတ်သောရောဂါအကြောင်း၊ သွေးတိုး၊ ဆီးချိုရောဂါအကြောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါအကြောင်းများကို အသိပညာပေးဟောပြောပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ သက်ကြီးဘိုးဘွားများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)