ကျိုက်လတ်မြို့နယ်တွင် ရေပြင်သက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းနှင့် တပ်ဖွဲ့များ၏ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ရေပြင်သက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းနှင့် တပ်ဖွဲ့များ၏ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြ လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အာကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် ဇွန်ပန်း၊ စံပယ်ပန်းနှင့် ဆောင်းစံပယ်ပန်း စိုက်ပျိုး ရောင်းချသူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း တောင်သူတစ်ချို့သည် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီနှင့် ပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချလျက်ရှိရာ ဥယျာဉ်ကျေးရွာတွင် ဇွန်ပန်း၊ စံပယ်ပန်းနှင့် ဆောင်းစံပယ်ပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး TalK Show ဆောင်ရွက်                                                 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇူလိုင်၂၃ရက်မွန်း လွဲ(၁)နာရီက မြို့နယ်ဘန်ရူခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄) မိုင်ဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်   ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄) မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်   မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်  ၉ နာရီအချိန်  ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈)နှစ် အောက် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်၊ အသက်(၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီး မြှင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်​နေ့တွင် မော်လမြိုင်မြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့ပါသည်။
Subscribe to