တောင်ကုတ်မြို့နယ်၌ ကမ်းပါးပြိုနေအိမ်(၅)လုံးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာမှ မြစ်ပါးပြိုမှုကြောင့် ကြိုတင်ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၅)လုံးအတွက် သံတွဲခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်က တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။