ငါန်းဇွန်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အာကစားပစ္စည်းများ ထောက်ပံ့ပေးအပ် ပွဲကျင်းပ

ငါန်းဇွန် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှိုင်မိုးဟိန်းက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ အလယ်တန်းပြ ဆရာမများမှ လက်ခံရယူသည်။

ထို့နောက် ဦးစီးအရာရှိဦးလှိုင်မိုးဟိန်းက လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူရေးရာအသိပညာပေး ခေါင်းစဉ်ဖြင့်လည်းကောင်း အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

သက်နောင်ဦး (ငါန်းဇွန်)