ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်၌ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး TalK Show ဆောင်ရွက်                                                 

ဥတ္တရသီရိ ဇူလိုင် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးနိုင်တို့က တောင်သူများ ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်နေမှုများနှင့်အတူ သဘာဝမြေဩဇာသုံးစွဲ နိုင်လာရေး၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းပညာထောက်ပံ့ပေးနေမှု အခြေအနေများ၊ တောင်သူများ သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြု နိုင်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ လက်တွေ့အသုံးချနည်းသင်တန်းများ ပေးလျက်ရှိကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဉ်ကို ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက် Face Book Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)