ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာ၌ ပရိယတ္တိသာသနာပါလက အာဂုံပြန်ရေးဖြေစာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနား ကျင်းပ
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာ၊ ကျောက်တောကျောင်း၌ ဒီဇင်ဘာလ (၁၁)ရက်နေ့မှ ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၆၈)ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၇၀)ကြိမ်မြောက် အာဂုံစာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်သည်ဖြစ်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာမင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။