ငပုတောမြို့နယ် စည်ပင်သာရေးအဖွဲ့မှ မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်

ငပုတော သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပ စေရေးနှင့် မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် မဂ္ဂင်လမ်းမကြီးရှိ  ရေနုတ်မြောင်း ဖော်ထုတ် ရှင်းလင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ် စည်ပင်သာရေး အဖွဲ့မှ အမှူဆောင်အရာရှိ ဦးမောင်မောင်နိုင်မှ ဦးဆောင်၍ဝန်ထမ်းများက အဖွဲ့ပိုင်ယာဉ်ယန္တရားဖြင့် မဂ္ဂင်လမ်း မကြီးရှိ ရေမြောင်းများအား မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် တူးဖော်ဆောင်ရွက်လျက်ရှိသည်။

ငပုတောမြို့နယ်  စည်ပင်သာယာရေးအဖွဲ့အနေဖြင့်  မိုးရာသီတွင် ​ချောင်း​ရေများ​ကြောင့် ရေကြီးရေလျှံမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ရေ​နုတ်မြောင်းများ တူးဖော် ခြင်းလုပ်ငန်းနှင့် လမ်းဖြတ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိ​ကြောင်း သိရသည်။

အောင်သူ (ငပု​တော)