​ရွှေဘိုတက္ကသိုလ်၌ ခရိုင်အဆင့် (၂၃)​ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီးပြိုင်ပွဲကျင်းပ

ရွှေဘို သြဂုတ် ၆

စစ်ကိုင်းတိုင်း​​ဒေသကြီး​ ရွှေဘိုခရိုင်၊​ ရွှေဘိုတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ဖွင့်ပွဲတွင် ပြိုင်ပွဲကျင်းပ​ရေး​ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိူးဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊​ ရွှေဘိုတက္ကသိုလ် ပါ​မောက္ခချုပ် ဆရာမကြီး​ဒေါက်တာမျိုးမျိုး၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် (ဂီတပညာရှင်) ဦး​အောင်​ငွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ပြီး​နောက် အဆို​တော် နန်းစိုးခိုင်မှ စည်​တော်ကြီးသီချင်းဖြင့် သီဆိုဖွင့်လှစ်​ပေးခဲ့​ကြောင်း သိရသည်။        

ထို့​နောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ပြောကြားရာ နိုင်ငံ​တော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အနာဂတ်မျိုးဆက်သစ် လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားလိုစိတ်၊ အမျိုးကို ချစ်သည့် စိတ်လည်း အရေးကြီးပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ ယနေ့ခေတ်လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်သည့်အတွက် ပညာရေး အဆင့်မြင့်မားမှုနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မကွယ်ပျောက်စေဘဲ ယဉ်ကျေးမှု အားကောင်းလာစေရေးကို ရည်မှန်းပြီး ပြိုင်ပွဲများ ကျင်းပရဖြစ်​ကြောင်း ​ပြော​ကြားခဲ့သည်။ ဆက်လက်၍​ ကျောင်းသား​ကျောင်းသူများ အနုပညာရှင်များက အဆိုအကများဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ကြ​ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိူးဝင်းနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊​ရွှေဘိုတက္ကသိုလ်​ ပါ​မောက္ခချုပ်​ဒေါက်တာ မျိုးမျိုးနှင့် ဒုပါ​မောက္ခချူပ်၊ ဆရာ ဆရာမများ၊ အမျိုးသ္မီး​ရေးရာ၊ မိခင်နှင့်က​လေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ​၊ အမှတ်​ပေး ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အနုပညာရှင်များ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)