တန့်ယန်းမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန BRIC Program၊ APH Program၊ WFF Program အစီအစဉ်ဖြင့် စီမံကိန်းဝင်ကျေးရွာများနှင့် စာသင်ကျောင်းများအား ကျန်းမာရေး ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးခြင်းအခမ်းနားကို ယမန်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲ၌ ကျင်းပခဲ့သည်။