(၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ဟိုပန်၌ကျင်းပ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများ ပူးပေါင်းပါဝင်သော (၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ခြင်းနှင့်ဆွမ်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်၊ မြို့မသာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တမူးမြို့၊ စော်ဘွားအင်း(၁၀)ရပ်ကွက် မြခြူးအိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားအင်း(၁၀)ရပ်ကွက်ရှိ မြခြူးအိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သထုံမြို့၊ လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ ၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ဟိုပန်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အမှတ်(၁၂၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်း​ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

(၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် (၂၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ပန်းတောင်းမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု                     အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်) ပြိုင်ပွဲကျင်းပ

မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်သဘင်အနုပညာရှင်များအစည်းအရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲကို၊ ဩဂုတ်လ(၇)ရက်နေ့ နံနက်(၉:၃၀)နာရီကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် (၇)နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Resort မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။

မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၌ ​ကျောက်​ချောလမ်း​ ဆောင်ရွက်​နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်​ဆေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်တွင် မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းစိစစ်​ရေး​ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်​နေ့နံနက် ၈နာရီခွဲက ကွက်သစ်ရပ်ကွက်၌  မြို့နယ်စည်ပင်သာယာ​ရေးဌာနမှ ​ဆောင်ရွက်သည့် ​ကျောက်ချောလမ်း ​ဆောင်ရွက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​​ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ မိုင်းကြောင့် ထိခိုက်ကိုယ်အင်္ဂါစွန့်လွှတ်ရသူများအား ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် (ICRC) ကိုယ်စား မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့မှ မိုင်းကြောင့် ထိခိုက်ကိုယ်အင်္ဂါ စွန့်လွှတ်ရသူများအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ပြင်စလူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီ အချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to