နယ်စပ်ရေးရာဝန်ကြီးဌာန၊ မင်းပြားမြို့၌ စာပေစကားဝိုင်း ကျင်းပ

မင်းပြား ဩဂုတ် ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်သင်တန်းကျောင်း၌ စာပေစကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က    ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူး ဦးလှထွန်းက အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက  စာပေရေးရာ အကြောင်းအရာများကို ရှင်းလင်းပြော ကြားသည်။

ဆက်လက်ပြီး စာပေစကားဝိုင်းကိုကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုး၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း Grade 10 မှ ကျောင်းသား မောင်ကျော်သက်၊ မောင်ဖြူလုံး၊ မအေးမြဝေနှင့် Grade 8 မှ မနီလာကျော်တို့က စာရေး ဆရာသုတေသီ ဘုန်းမြင့့််သွေး၏ လောကမှာငွေ၊ စာရေးဆရာမောင်မင်းစိုး၏ လူငယ်နှင့်စိတ်ဓာတ်၊ ဒေါက်တာမင်းသန့်(ဒဿန)၏ ကျီးကလေးလိုသမီးလေး၊  စာရေးဆရာမင်းထက်ဇော်၏ အလွဲဆုံးမ မိဘများနှင့် တလွဲယူဆသော ကလေးများအတွက် ဆရာတစ်ယောက်ရဲ့ဆုံးမနည်းများ စာအုပ်အား စာပေစကားဝိုင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ဆွေးနွေးကြကြောင်း သိရသည်။

သိန်းနုအောင်