ကျိုက်မရောမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် ယူးရီးယား ဓါတ်မြေသြဇာအိတ်များ စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးမည်

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီစပါးသီးနှံ စိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်း၊ မိုးစပါးနည်းပညာပေးစံပြ စိုက်ကွက်များအတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူးရီးယားဓါတ်မြေသြဇာအိတ်များကို ပထမအကြိမ် ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သရက်မြို့၌ လူငယ်များအတွက် ဇာတက အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ လူငယ်များအတွက် ဇာတက အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ပြည်သူများအား စားသုံးဆီအဆင်ပြေစေရန် ဈေးနှုန်းသက်သာစွာ စားသုံးဆီလက်လီဈေးကားဖြင့် လာရောက်ရောင်းချ 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီစဉ်ဖြင့်Grand unity စားသုံးဆီကုမ္ပဏီလီမီတက်မှ ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစာသုံးနိုင်ရန် စားသုံးဆီလက်လီဈေးကားဖြင့် ယနေ့နံက်(၉)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက် ကားလေးဂိတ်တွင် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လူငယ်များ အသိပညာဗဟုသုတ ရှာမီးရရှိစေရန် မအီမြို့ ပြည်သူ့စာကြည်တိုက်၌ စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာဗဟုသုတ တိုးပွားလာစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာ စေရေးနှင့် စာပေ၏အကျိုးကျေးဇူးများ သိရှိနားလည်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များကို လူမျိုး ဘာသာမရွေး အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရ သည်။

သံဖြူဇရပ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျိုက္ခမီ) ၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျိုက္ခမီ)၌ ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဖူဆယ်​ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျိုက္ခမီ)​၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း​ သိရသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

သီပေါမြို့ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။

စစ်တွေမြို့နယ်အတွင်း စားသုံးဖူလုံစွာရရှိနိုင်ရေးအတွက် မြေပဲဧက ၅၀၊ ဆီမုန်ညင်းဧက ၅၀ နှင့် နေကြာဧက ၄၀ တိုးချဲ့စိုက်ပျိုးသွားမည်

စစ်တွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံများအဖြစ် နှံစားသီးနှံ၊ ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံ များ၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ အခြားသီးနှံများနှင့် ပန်းအမျိုးမျိုး စိုက်ပျိုးနိုင်ရန် လျာထား လျက်ရှိပြီး အဆိုပါလျာထားချက်များတွင် မြေပဲ ဧက ၅၀၊ ဆီမုန်ညင်းဧက ၅၀နှင့် နေကြာ ဧက ၄၀ တို့ကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်အေးထံမှ သိရ သည်။

အိမ်မဲမြို့နယ်အတွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၈) လမ်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူဖော်ဆောင်ရွက်ခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၈)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to