နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ခဲ့ကြသည်။

သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက်(၉)နာရီကက အခြေခံပညာမူလတန်း ပြည်တော်အေးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့နယ်ထွက် ရင်ကွဲသရက်သီးများ ပြည်တွင်းဒေသများသို့ တင်ပို့ရောင်းချ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ထွက် ရင်ကွဲသရက်သီးများ ပြည်တွင်းဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

အိမ်မဲမြို့မစျေးကြီးအတွင်း ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီရောင်းချခြင်းရှိ/မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစျေးကြီးအတွင်း စာသုံးဆီရောင်းချသော စျေးဆိုင်များတွင် ပုဇွန်နှစ်ကောင်တံဆိပ်စားသုံးဆီရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို သြဂုတ် ၁၂ ရက်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေး အသင့်ပြင်ဆင်ထားရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ၊ တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင်ထားရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးစပါးစံပြစိုက်ခင်းနှင့် ဘဏ်ချေးငွေအကြေပေးသွင်းသော တောင်သူများအား ဓာတ်မြေသြဇာပေးအပ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံပြစိုက်ခင်းနှင့် ဘဏ်ချေးငွေအကြေပေးသွင်းသော တောင်သူများအား ဓာတ်မြေသြဇာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က စိုက်ပျိုးရေး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ပြည်သူများ စာပေဖတ်ရှုလေ့လာပြီး အပြန်အလှန် ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာ စေရန်တို့အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

တကောင်းမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် ယမန့်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် နှင်းပန်းများ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူအချို့သည် မျိုးတူ မျိုးကွဲသီးနှံများကို သမားရိုးကျ စိုက်ပျိုးလျက်ရှိရာမှ ယခုအခါ နှင်းပန်းများကို ပူးတွဲ၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မိုင်းငေါ့မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုလဝကမှူး ဦးခမ်းရီမှမိုင်းငေါ့မြို အခြေခံပညာအထက်တန်းကျောင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၁၀) နာရီအချိန်က အဆိုပါ အ.ထ.က ကျောင်းရှိ ကျောက်စိမ်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
Subscribe to