မင်းလှမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြိုမဈေးရှေ့နှင့် ဗိုလ်ရုံတန်းလမ်းမတို့၌ ဆောင်ရွက်ခဲ့သည်။