လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီ၌ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအခြေခံပညာအထက်တန်းကျောင်း အမှတ်(၁၀)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကား၀ိုင်းတွင် Grade-10 မှမစုလှိုင်ဖြိုးက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မညွှန်းဧကရီအောင်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မနန့်နှင်းသက်ခိုင်က လူငယ်နှင့်ပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ မောင်ခန့်ဇင်ဖြိုးက လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 မှ မောင်မင်းခန့်ကိုကိုက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ မောင်ဟိန်းနန္ဒဇော်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး ပါ၀င်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် အဖွဲ့၀င်များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာ၀န်ခံဆရာမတို့မှ ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်လျက်ရှိပြီး အသိပညာပေးဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောလျက်ရှိပြီး ဘောလုံးပစ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းဆော့ကစားခြင်းများနှင့် ပင်ပေါင်ကစားနည်းများတွင် ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြပြီး စကားပုံဆက်ပြိုင်ပွဲများ၊ နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလျက်ရှိသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁၀)မှ တာ၀န်ခံဆရာမ ဒေါ်အေးအေးကြည်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦး တက်ရောက်လျက်ရှိပြီး အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် အဖွဲ့၀င်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)