ကျိုက်လတ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကျင်းပ Read more about ကျိုက်လတ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကျင်းပ ကျိုက်လတ် ဒီဇင်ဘာ ၅ လှိုင်မင်းအောင် ကျိုက်လတ်(ပြန်/ဆက်)
မြင်းခြံမြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို ယနေ့အချိန်ထိ ပုံစံ (၃) ဖြင့် လျောက်ထားသူ ၃၂၉၃ ဦးရှိ Read more about မြင်းခြံမြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို ယနေ့အချိန်ထိ ပုံစံ (၃) ဖြင့် လျောက်ထားသူ ၃၂၉၃ ဦးရှိ ၂၀၂၅ ခုနှစ်တွင် ကျင်းမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြင်းခြံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် ထုတ်ပြန်ကြေညာထားရာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ မြင်းခြံမြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ (၃) ဖြင့် လာရောက်လျှောက်ထားသူ ၃၂၉၃ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားပြုလုပ် Read more about မြင်းခြံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားပြုလုပ် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (TALK SHOW) ကျင်းပ Read more about မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (TALK SHOW) ကျင်းပ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (TALK SHOW) ကျင်းပ မြစ်သား ဒီဇင်ဘာ ၅ ရဲနိုင်ဦး(မြစ်သား)
တောင်သာမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ Read more about တောင်သာမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သောကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နံနက်ပိုင်းမှ စတင်၍ တောင်သာမြို့ မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့် Read more about ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပုလဲရတနာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
တောင်ငူမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်း စာမေးပွဲဖြေဆိုပြီးစီး Read more about တောင်ငူမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်း စာမေးပွဲဖြေဆိုပြီးစီး ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ထူးချွန်ထက်မြက်သောလူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက်အားထားရမည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်းစာမေးပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ တောင်ငူမြို့၊ အ.ထ.က(၄)၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စာမေးပွဲ ဖြေဆိုပြီးစီးသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရိုဘတ်စတာကော်ဖီနှင့် ဝဥ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ Read more about ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရိုဘတ်စတာကော်ဖီနှင့် ဝဥ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်ပိုင်းက ရိုဘတ်စတာကော်ဖီနှင့် ပြည်ပ ပို့ကုန်အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးသူလုပ်ငန်းရှင်များ၊ သစ်မာစိုက်ခင်းလုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ခင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
မြဝတီမြို့အမှတ်(၂၇၅)ခြေလျင်တပ်ရင်းတွင် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက် Read more about မြဝတီမြို့အမှတ်(၂၇၅)ခြေလျင်တပ်ရင်းတွင် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းရှိ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအား ၂၀၂၅ ခုနှစ်ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်း သပ် မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂၇၅) ခြေလျင်တပ်ရင်းတွင်ပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ Read more about ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ကျင်းပသည်။