လသာမြို့နယ်တွင် အသက် ၂ နှစ် အောက်ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်

လသာ ဒီဇင်ဘာဘာ ၅

ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များမှ အသက် ၂ နှစ်‌အောက်ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ကလေးများအား ရောဂါကာကွယ်ဆေးအမျိုးမျိုးကို သတ်မှတ်ထားသည့်အတိုင်း ထိုးနှံပေးခဲ့ပြီး မိဘများအားလည်း ကာကွယ်ဆေးထိုးခြင်း၏ အရေးပါမှုနှင့် ကျန်းမာရေးကောင်းမွန်မှုအတွက် လိုက်နာသင့်သည့် အချက်အလက်များကို ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက “ကလေးတိုင်းကျန်းမာဖွယ်နေထိုင်နိုင်ရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးခြင်းသည် မိသားစုတိုင်း၏ တာဝန်ဖြစ်သည်” ဟု သတိပေးကြပြီး မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ဆေးထိုးဝန်ဆောင်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)