သင်္ဃန်းကျွန်းမြို့နယ်တွင် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆောင်ရွက်

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးစောအောင်ရွှေဖြူ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ ဆီးချို၊ သွေးချိုရောဂါနှင့် အခြားရောဂါများအတွက် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကျန်းမာရေးစောင့်ရှောက်မှုအား ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်တွင် သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကျန်းမာရေးကုသမှုခံယူကြသည့် သက်ကြီးရွယ်အိုများအား အချိုရည်များဝေငှပြီး ကျန်းမာရေးစောင့်ရှောက်မှုတွင် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုအား အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးမည်ဟု သတင်းရရှိသည်။

ဇော်မိုး