လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ဗဟန်း ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူးများဖြင့် စာကြည့်တိုက်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ စာကြည့်တိုက်ဝန်ဆောင်မှုအမျိုးအစားများ ဘာသာရပ်ဖြင့် စတင်သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဒုတိယဦးစီးမှူး ၁၂ ဦးနှင့် တွဲဘက်ဒုတိယဦးစီးမှူး ၂ ဦး စုစုပေါင်း ၁၄ ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဦးစီးအရာရှိ၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်မြို့နယ်များမှ ဦးစီးအရာရှိများက သင်တန်းနည်းပြများအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို သုံးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)