မြို့သစ်မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု(Campaign)ဆောင်ရွက်

မြို့သစ် ဒီဇင်ဘာ ၁၁

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေး၊ ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု (Billboard)  စိုက်ထူခြင်း၊ ဗီနိုင်းများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု (Billboard)အား မြို့နယ်စည်ပင်သာယာဈေးအနီး မီးသတ်ရုံးရှေ့တွင်လည်းကောင်း၊ ရွေးကောက်ပွဲလှုံ့ဆော်မှု အသိပညာပေးဗီနိုင်းများအား စာတိုက်လမ်း၊  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှေ့တွင်လည်းကောင်း၊ ဗိုလ်မင်းရောင်လမ်းရှိ တြိဂံလမ်းဆုံတွင်လည်းကောင်း၊ တောင်တွင်း-မြို့သစ်-နတ်မောက်လမ်း (အ.ထ.က-၁)နှင့် (ပြည်သူ့ဆေးရုံလမ်းထောင့်)တွင်လည်းကောင်း ဗီနိုင်းများ ချိတ်ဆွဲကာ ရွေးကောက်ပွဲလှုံ့ဆော်မှု   အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)