သီပေါမြို့နယ်တွင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

သီပေါ စက်တင်ဘာ  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စန်းစန်းသွယ်က ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်ပေးနေသော ကလေးသူငယ်ပြုစုစောင့်ရှောက်ကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်း၊ ပြဋ္ဌာန်းထားသောဥပဒေများ၊ ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကိုဖြစ်ထွန်းစေသော၊ ခွဲခြားဆက်ဆံမှုမရှိစေသော၊ အသက်ရှင်သန်ခွင့်နှင့် ကလေး၏ထင်မြင်ယူဆချက်ကို အလေးထားဆောင်ရွက်ရမည့် အကြောင်းများနှင့်ပတ်သက်၍ အသေးစိတ် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်   သက်ဆိုင်ရာ ကဏ္ဍများအလိုက်   အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)