မိုင်းကိုင်မြို့နယ်အတွင်း လျာထားမဲရုံတည်နေရာများအား ကွင်းဆင်းကြည့်ရှု

မိုင်းကိုင် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်မည့် မဲရုံတည်နေရာများအား  လျာထားသတ်မှတ်နိုင်ရေး   ယနေ့မနက်ပိုင်းတွင်  လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး များက  မြေပြင်အထိကွင်းဆင်း  ကြည့်ရှုမှုများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကွင်းဆင်းမှုတွင်  လွိုင်လင်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး ဦးသိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးသန်းထွန်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင်  ကနဦးညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက်   အမှတ်(၁)ရပ်ကွက် မဲရုံလျာထား တည်နေရာဖြစ်သော  မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ အမှတ်(၄)ရပ်ကွက်  မဲရုံလျာထားတည် နေရာဖြစ်သော  အ.ထ.က(မိုင်းကိုင်)၊ အမှတ်(၅) ရပ်ကွက် မဲရုံလျာထားတည်နေရာဖြစ်သော  အ.လ.က (ပန်ကတ်)နှင့် ဆင်ခြေဖုန်းမြောက် ကျေးရွာအုပ်စုလျာထားမဲရုံတည်နေရာဖြစ်သော   အ.မ.က (လွိုင် လိုင်)နှင့် နီးစပ်ရာမဲရုံတည်နေရာတို့အား ကွင်းဆင်းကြည့်ရှုကာ တွေ့ရှိချက်များအပေါ် အတည်ပြုချက်များ  ရယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်