ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ အမျိုးသား​နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရေတာရှည် ​အောက်တိုဘာ ၁၅

ပဲခူးတိုင်း​​ဒေသကြီး၊​ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန Community Centre ခန်းမ၌ "အမျိုးသား​နေ့အထိမ်းအမှတ် "စာစီစာကုံးပြိုင်ပွဲနှင စာအုပ်စာ​စောင်ပြသခြင်းကို​ ယမန်​နေ့ နေ့လယ်(၁း၃၀)အချိန်တွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ​ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်​အေးဆုစံက ပြိုင်ပွဲကျင်းပရခြင်းမှာ အမျိုးသား​နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား သိရှိပြီး မျိုးချစ်စိတ်များ နှိုးကြားလာစေရန်၊ မျိုးချစ်သူရဲကောင်း၊ မျိုးချစ်ကျောင်းသား ကြီးများမှ အသက်သွေးချွေးပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သော အမိမြေ၊ စာပေ၊ ယဉ်ကျေးမှုများကို တန်ဖိုးထားမြတ်နိုးစွာဖြင့်  မပျောက်မပျက်အောင် ထိန်းသိမ်းစောင့် ရှောက်လိုစိတ်များ ဖြစ်​ပေါ်လာ​စေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး​နောက် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါပြိုင်ပွဲတွင် အ​ခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူ များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)