ကျောက်တံတားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ကျောက်တံတား အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) တွင် ပင်စင်လစာငွေများကို ယနေ့ နံနက် (၇)နာရီ အချိန်မှစ၍ ထုတ်ပေးလျက်ရှိပါသည်။

ကျောက်တံတားမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း(ပင်စင်)လစာ ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သတ်မှတ်ပေး၍ အလှည့်ကျထုတ်ပေး လျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း ပင်စင်လစာငွေထုတ်ပေးခြင်းကို နေ့စဉ်ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)