ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်

ကော့သောင်း အောက်တိုဘာ ၂၉

နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၄၃ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း အလုပ်သမား ၁၉၀ ဦး ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်း မြို့မှတစ်ဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျှောက် အကြောင်း အမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center ()ခုတွင် အမျိုးသားအမျိုးသမီး သီးခြားစီခွဲခြားထားရှိ အထူးကြပ်မတ်ကာ ()ရက် အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်ထားရှိ၍ ရောဂါပိုး တွေ့ရှိခြင်း မရှိမှသာ မိမိတို့နေရပ် ဒေသအသီးသီး သို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)