ပျော်ဘွယ်မြို့နယ်တွင်လေပြင်းဘေးအန္တရာယ်အကြောင်းအသိပညာပေး Talk Show ကျင်းပ

ပျော်ဘွယ်မြို့နယ်တွင်လေပြင်းဘေးအန္တရာယ်အကြောင်းအသိပညာပေး Talk Show ကျင်းပ ပျော်ဘွယ် ဒီဇင်ဘာ ၁၆ မင်းမင်းထွေး(ပျော်ဘွယ်)

ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ပူးပေါင်းဖွင့်လှစ်သည့် ခေါင်းစည်းဆံညှပ်အလှဆင်ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ပူးပေါင်းဖွင့်လှစ်သည့် ခေါင်းစည်းဆံညှပ်အလှဆင်ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ပုဇွန်တောင် ဒီဇင်ဘာ ၁၆ ဟန်စုယဥ်

ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်

ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်ပညာရှာလိုစိတ် အသိပညာပေး Talk Show ပြုလုပ်

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်ပညာရှာလိုစိတ် အသိပညာပေး Talk Show ပြုလုပ် တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၆ မြို့နယ်(ပြန်/ဆက်)

မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့သမဝါယမလုပ်ငန်းစတင်ခြင်း(၁၂၁) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့၊ သမဝါယမ ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သမဝါမယစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်ကျောင်း (မန္တလေး)ရှိ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများက  တက်ရောက်လေ့လာခဲ့ကြသည်။

မိတ္ထီလာတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက အဆိုပါတက္ကသိုလ်ရှိ ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ယနေ့နံနက်ပိုင်းက ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၂၆၆၁၀၉၉ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၂၉၀၄၂ ဧက ရိတ်သိမ်းပြီးစီးခဲ့ပြီး စပါးတင်းစုစုပေါင်း၂၆၆၁၀၉၉ တင်းထွက်ရှိကြောင်း သိရသည်။
Subscribe to