ပခုက္ကူမြို့၌ သီတင်းကျွတ်လပြည့် ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ အစဉ်အလာမပျက် ဆီမီး ထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၌  ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကုန်းကျေးရွာ၌ ဥယျာဉ် ကုန်းကျောင်းတိုက်ဦးစီးပဓာနနာယဆရာတော် ဒေါက်တာကောသလ္လ ဦးစီးဆောင်ရွက်ခဲ့သော ကိုယ်ထူကိုယ်ထ ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ငါန်းဇွန်မြို့ ဆုတောင်းပြည့် ရှင်ပင်မိုးကောင်းမြို့ဦးစေတီတော်ကြီး၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ ည (၆)နာရီက ဆုတောင်းပြည့် ရှင်ပင်မိုးကောင်းမြို့ဦးစေတီတော်ကြီး၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲများပြုလုပ်ရာ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မဟာရွှေစည်ကြီး စေတီတော်၌ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာ ၇ ရက်)တွင်လည်း ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် ဆရာတော်ကြီးများထံတော်မှ ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စသည့်ကောင်းမှု ကုသိုလ်များပြုလုပ်ခဲ့ကြသည်။

ဟိုင်းကြီးကျွန်းမြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် (၇၈) ကြိမ်မြာက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၈) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာ ၇ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး(၁၃၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့ တာဝတိံသာမြတ်စွာဘုရားကြီး (၁၃၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Subscribe to