မြင်းခြံ ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၅ ရက်မှ၂၂ ရက်အထိ ကျင်းပလျက်ရှိသည်။
မြင်းခြံတက္ကသိုလ်၌ ယနေ့ နံနက် ၈ နာရီက အမျိုးသားဘော်လီဘောပြိုင်ပွဲ ကျင်းပလျက်ရှိပြီး ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကိုလည်း ဒီဇင်ဘာ ၁၅ ရက်မှ ၂၂ ရက်အထိ ကျင်းပပေးသွားမည်ဖြစ်ကာ ပြိုင်ပွဲများးတွင် မြင်းခြံတက္ကသိုလ်ရှိ ဘာသာပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)