အင်္ဂပူမြို့နယ်တွင် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့

အင်္ဂပူ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ ကြို့ကုန်း‌ကျေးရွာ၌ ယမန်နေ့ နေ့လယ်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး များ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်နှင်းန္ဒာဝင်းတို့မှ‌ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ပေးအပ်ရာ ကမ်းပြိုပြောင်း‌ရွှေ့မိသားစုများက လက်ခံရယူခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ‌ နောက်မီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စုရှိ လူဦးရေ(၂၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၅၈၈၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၇၅၈၈၀၀) ကျပ်နှင့် Surgical Mask  များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

မန်းကျော်(ပြန်/ဆက်)