အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ချမ်းမြသာစည်မြို့နယ် မန္တလာသီရိအားကစားကွင်းရှိ၊ ဖူဆယ်ဘောလုံးခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဗိုလ်လုပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲနေ့ အလှမီးပုံးပျံပြိုင်ပွဲ စတင် ကျင်းပ

၂၀၂၂ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်  ဒုတိယနေ့အဖြစ် ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအနီးရှိ မီးပုံးပျံကွင်းအတွင်း၌ နေ့အလှမီးပုံးပျံပြိုင်ပွဲကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ လှည့်လည်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည် ကျင်းပခဲ့သည်။

ဒေါပုံမြို့နယ်တွင် အနှေးယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အန္တရာယ် ကင်းရှင်းစေရန်အတွက် ရောင်ပြန်စတစ်ကာပြားများ အခမဲ့ တပ်ဆင်ပေး

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ အနှေးယာဉ်(ဆိုက်ကား) များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးအတွက် ရောင်ပြန် စတစ်ကာပြားများ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က စတင်ကာ တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်မြို့ ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်တော်စေတီတော်မြတ်၊ ဌာပနာတော်များထည့်သွင်းပူဇော်ပွဲအခမ်းအနားနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပပြုလုပ်သော (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါ

မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူမည့် ငြိမ်းချမ်းသစ္စာနိမိန္ဒမျက်ရှင်တော်စေတီတော်မြတ်၊ ဌာပနာတော်များထည့်သွင်းပူဇော်ပွဲအခမ်း အနားကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင် စေတီတော်မြတ်ရင်ပြင်တော်၌၊ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္ထာရာယ် ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်ခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရုံးဝန်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မင်းသူရိယခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြသည်။

ပင်လောင်းမြို့၌ မြို့နယ်အဆင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲ့မှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမိသားစု၏ (၄၀)ကြိမ်မြောက် မဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ ကြီးမှူး၍ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော အခြေခံပညာ အထက်တန်းကျောင်း (အင်္ဂပူ) မိသားစု၏ (၄၀)ကြိမ်မြောက်မဟာဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့နံနက်(၇)နာရီအချိန်က အဆိုပါကျောင်းစုရပ်မှ မြို့နယ်အတွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် တောင်သူအသိပညာပေးကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီမိုးစပါးတစ်ဧက အထွက်နှုန်းတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိရေး မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများသို့ အထွက်နှုန်းအသိပညာပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူဦးငမဲပါ (၂၂)ဦး၏ ကွင်းအမှတ်-၅၉ (ဃ)မိုးစပါးစံပြကွက် ၌ကျင်းပပြုလုပ်သည်။
Subscribe to