စုကလိမြို့တွင် တောင်ယာထွက်ငရုပ်သီးများ စျေးကောင်းရရှိ
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့သည် စိုက်ပျိုးရေးအတွက် အခြေခံကောင်းမွန်သော မြေအမျိုးအစားဖြစ်ပြီး တောင်ယာစိုက်ပျိုးရာတွင် ကောင်းမွန်သဖြင့် စုကလိမြို့နေပြည်သူများအနေဖြင့် ငရုပ်မျိုးများ စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်အထွက် နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိကြောင်းသိရသည်။