လွိုင်လင် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီ တစ်ပိဿာ ၄၉၀၀ ကျပ်ဖြင့် ပြည်သူအများအား စားသုံးဆီဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် (၉) နာရီက မြို့မဈေးကြီးအနောက်ဘက် တိုက်တန်းရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များတို့က ပြည်သူတို့လက်ဝယ်အရောက် လက်လီလက်ကား စနစ်ဖြင့် လာရောက် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ အလျဉ်းသင့်သလိုလာရောက် ရောင်းချပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)