ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်း ခန္တီးမြို့ပေါ်ရှိ မဲရုံလျာထားမှုများအား ကွင်းဆင်းစစ်ဆေး

ခန္တီး ဒီဇင်ဘာ  ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ပေါ်ရှိ မဲရုံလျာထားမှုးများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအဖြစ် သတ်မှတ်ဆောင်ရွက်မည့် ခန္တီးမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ပေါမိုင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်ရှိ လျာထား မံရုံ (၆) ရုံအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် သင်ကြားပို့ချ လျက်ရှိသည့် Computer နှင့် Printer ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာလ (၃၀) ရက်နေ့မှ ဒီဇင်ဘာလ (၂) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည့်ဖြစ်ပြီး သင်တန်းသို့ ခန္တီးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ စိတ်ပါဝင်စားသူ (၃၆) ဦး တက်ရောက်လျက် ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)