ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် (၂၀၂၃)ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဘောလုံး အသင်းအား အောင်နိုင်ရေးအလံအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ပဒေသာအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။