တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ၌ စာဖတ်ဝိုင်း ကျင်းပ

တနိုင်း ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Center) ၌ နိုဝင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲက စာပေ အသိပညာတိုးပွားစေရန်နှင့် ဗဟုသုတရရှိနိုင်စေရန် ရည်ရွယ်၍စာဖတ်ဝိုင်း ပြခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်အတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေ၏ အကျိုးကျေးဇူးများကို သိရှိပြီးအမှား

အမှန်များကို ပိုင်ခြားဝေဖန်တတ်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် သုတ၊ ရသ စာအုပ်များကို စိတ်ဝင်စားမှုရှိစေရန် စာရေးဆရာ မာလွေလိန်း ရေးသားသည့် "ပညာသည် ပတ္တမြား ထက် အဖိုးထိုက်၏" ခေါင်းစဉ်ဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ပန်းအိ (ပြန်/ဆက်)