စလင်းမြို့နယ်၌ ဒေသမျိုး(ဧရာမင်း)စပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

စလင်း ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးကျင်းပသည့် ဧရမင်းစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကူဖြူကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၄၉၀)၊ ဦးပိုင်အမှတ် (၆၉) ရှိ ဧရိယာတွင် စိုက်ပျိုးထားသော တောင်သူ ဦးသန်းနိုင်၏ စပါးစိုက်ဧက (.၀၇) ဧကအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရိတ်သိမ်းပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမင်းသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ဧရာမင်းဧရိယာတွင် စိုက်ပျိုးထားသည့် ဧရာမင်းစံကွက်အား ဒေသခံတောင်သူများနှင့် စုပေါင်းရိတ်သိမ်းခဲ့ရာ စပါးအထွက်နှုန်း အစို (၈.၉၄) တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနက သိရသည်။              

မောင်လွင်(စလင်း)