ဖောင်းပြင် မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့မွန်းတည့် ၁၂ နာရီက ရာဇမုနိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ပထမကြီးတန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမလတ်တန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်/ ဓမ္မပဒဘာသာနှင့် အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ ဘာသာရပ်များကို ယနေ့တွင် ဖြေဆိုသည်။
စာမေးပွဲတွင် ပထမကြီးတန်း၌ ဖြေဆိုရန်စရင်းရှိ သီလရှင် ၁ ပါးရှိပြီး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း၊ ပထမလတ်တန်း၌ ဖြေဆိုရန်စရင်းရှိ ရဟန်း ၁ ပါး၊ သာမဏေ ၇ ပါးရှိပြီး ဖြေဆိုရန် ပျက်ကွက်ခြင်းမရှိကြောင်း၊ ပထမငယ်တန်း၌ ဖြေဆိုရန်စရင်းရှိ သာမဏေ ၁၈ ပါး၊ သီလရှင် ၃ ပါးရှိပြီး ဖြေဆိုရန် ပျက်ကွက်ခြင်းမရှိကြောင်း၊ အခြေပြုမူလတန်း၌ ဖြေဆိုရန်စရင်းရှိ ရဟန်း ၂ ပါး၊ သာမဏေ ၄၂ ပါးရှိပြီး ဖြေဆိုရန် သာမဏေ ၁ ပါး ပျက်ကွက်ခဲ့ကြောင်း သိရပြီး ဖြေဆိုရန်စာရင်းရှိ စုစုပေါင်း ၇၄ ပါးရှိကာ ပျက်ကွက်စုစုပေါင်း ၂ ပါးရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ယခုလ ၂၉ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်စာမေးပွဲကြီးကြပ်ရေး ဆရာတော်အရှင် သူမြတ်တို့အား ဆွမ်းခဲဖွယ်တို့ကို တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ လုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက နေ့စဉ်ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)