တံတားမြို့၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ပြပွဲခင်းကျင်းပြသ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုစာကြည့်တိုက်အား အသုံးပြုတက်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။

ချောက်မြို့ အ.ထ.က(၂)ကျောင်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းတက်ရောက်နိုင်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ Grade - 9 အောင်မြင်ပြီး ကျောင်းသား/သူများအားလုံး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းသို့ တက်ရောက်နိုင်‌ကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊မွေး မြူရေးသင်တန်းကျောင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ခရိုင်ပညာရေးမှူး ဦးမန်းအောင်က ကျောင်းသား/သူများအား ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၂) ကျောင်း၌ အသိပညာပေးဟောပြောခဲ့သည်။

ညောင်ဦးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ ပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးသူထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၂၅၃) ကျောင်းတွင် တစ်ပြိုင်နက် ဆောင်ရွက်ခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ၁၄ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

လိပ်သိုမြို့တွင် ဆောင်းနှင်းဝေမူကြိုကျောင်းမှ ရင်သွေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့အပ်နှင်းခြင်းအခမ်းအနား ပြုလုပ်

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ ကက်သလစ်သီလရှင်ကျောင်းတွင် ဖွင့်လှစ်ထားသော “ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး” ဆောင်းနှင်းဝေမူကြိုမှ ရင်သွေးငယ်လေးများ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဖရန့်စစ်ဇေးဗီးယား သီလရှင်ကျောင်းခန်းမ၌ ပြုလုပ်ရာ Rev.Fr ဘုန်းတော်ကြီး ကျော်စိန်ဝင်း၏ အဖွင့်ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။         

တောင်ငူမြို့၊ အ.ထ.က (၆) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အ.ထ.က(၆)သို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံအလွတ်တန်းအမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ)ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရွှေမုဋ္ဌောဘုရားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။     

ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ Theatre (M-306) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 
Subscribe to