ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မဲဆန္ဒရှင်ပေါင်း (၅၁၆၁၈)ဦးတို့မှ မဲရုံပေါင်း (၇၃)ရုံ၌ ယနေ့နံနက်(၆)နာရီမှစ၍ မဲရုံအသီးသီးတွင် အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြသည်။