ရွှေကျင်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီအချိန်က အနောက်ဘက်ကျေးရွာအုပ်စု ဝဲကြီးကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။