လိပ်သို ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် ဝါးအမျိုးမျိုးမှရရှိသော မျှစ်များကို မျှစ်များရှားပါးလာချိန်၌ ပြန်လည်ရောင်းချနိုင်ရန်အတွက် မျှစ်ချဉ်များ ပြုလုပ်သိုလှောင်ထားကြကြောင်း သိရသည်။
ဒေသခံများသည် မျှစ်ချဉ်ပြုလုပ်ရာတွင် မျှစ်များကိုသန့်စင်စွာ ဆေးကြောပြီး အလုံးလိုက်သော်လည်းကောင်း၊ မျှစ်များကို ပါးပါးလှီး၍ သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ကြပြီး ယခုဆောင်းရာသီကာလတွင် အလုံးလိုက်ပြုလုပ်ထားသောမျှစ်ချဉ် တစ်ပိဿာလျှင် ကျပ် (၁၂၀ဝိ/-)မှ (၁၃၀ဝိ/-) အထိဈေးရရှိနေကြောင်း သိရသည်။
ဒေသခံများသည် မျှစ်ချဉ်အပြင် မျှစ်ချဉ်ခြောက်၊ ရိုးရိုးမျှစ်ခြောက်၊ မျှစ်ချိုများကို စားသုံးသူများ အကြိုက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တာရှည်အထားခံအောင် ထုတ်လုပ်ထုတ်ပိုး သိုလှောင်ထားကြပြီး ဆောင်းရာသီကာလသို့ ရောက်ရှိချိန်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
နော်ဖလောရင်း