မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းလှမြို့နယ်တွင် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနှင့် Eco Printing သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀)နာရီက မင်းလှမြို့ နယ်သဖန်းချောင်းကျေးရွာတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသတစ်ခုထုတ်ကုန်တစ်ခု(One Region One Product)အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနှင့် Eco Printing သင်တန်းဆင်းပွဲအခမ်းအနားကို သဖန်းချောင်းကျေးရွာ အောင်သပြေဘက်စုံသုံးခန်းမ၌ ကျင်းပရာ ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။