စလင်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများ စဥ်ဆက်မပြတ် ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်၍ သန့်ရှင်းသပ်ရပ်လှပစေရေးနှင့် သန့်ရှင်းသော မြို့ဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းရှိ လမ်းဘေးဝဲယာများတစ်လျှောက် လိုက်လံ၍ နေ့စဥ် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။