သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ဦးစီးအရာရှိမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။