ကမမောင်း ဇန်နဝါရီ ၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို Grade-11 ကျောင်းသား/ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းသီဆို၍ ဖွင့်လှစ်ကာ မိဘဆရာအသင်း နာယက ဦးမောင်ချစ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး အ.ထ.က(ကမမောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန္တာက စုံညီပွဲတော်နှင့် ပတ်သက်သည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် A အဆင့်ဖြင့်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘက်စုံပညာရည် ထူးချွန်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများနှင့် ဓမ္မစကူးတွင် ကျောင်းတတ်မှန်ကန်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး Grade-11 ကျောင်းသား၊ ကျောင်းသူလေးများက “ပညာပန်းခင်း” သီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)