ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ကျိုင်းလပ် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်လာစေရန်နှင့် ကာယ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ်တနှင့်ဘောဂ စသောဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး၊ အလေ့ အကျင့်ကောင်းများ ရရှိစေရေး၊ အသိအမြင်ရှိပြီး အပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်စေရေး၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချ တတ်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုထက်မြက်စေရေးကို ရည်ရွယ်၍ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကို  ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာရောက်ယဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများမှ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူ များအား ဂုဏ်ပြုဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)