မိုးနဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျိုင်းတောင်းမြို့နယ် စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား လေလံတင်ရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးငိုပွယ်က အဖွင့်အမှာစကားပြောကြားပေးခြင်း၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဦးဉာဏ်လင်းမောင်က အမှာစကားပြောကြားခြင်းကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်းက အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့်ပတ်သက်သည့် စည်းကမ်းချက်များအား ရှင်းလင်းဖတ်ကြားခြင်း၊ ကျိုင်းတောင်း မြို့နယ် စည်ပင်သာယာရေးဌာန မြို့နယ်ခွဲတာဝန်ခံ ဦးသီဟအောင်က သားသတ်လုပ်ငန်းလိုင်စင်များနှင့် ပတ်သက်သည့် စည်းကမ်းချက်များအား ဖတ်ကြားတင်သွင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချပေးခဲ့ပြီး အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဇင်ကိုကို