ပုသိမ်ကြီးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသည်။

ဒဂုံမြို့နယ်တွင် စံပြမဲရုံ ခင်းကျင်းပြသမှုသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စံပြမဲရုံ ၂ ခင်းကျင်းပြသမှုသရုပ်ပြခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း ၃ ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များအား Installation တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ရွေးကောက်ပွဲအပိုင်း ၃ ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များအား Installation တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကြိုတင်ဆန္ဒမဲပေးခြင်း

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁၅ရက်မှစတင်၍ မြို့နယ်ရွေး‌ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်းစိန်ခရိုင် အင်းစိန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးများ သုံးစွဲခြင်း၏ ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။

လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန်ကျုံပျော်မြို့နယ် သောင်ကြီး အထကတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၁၄ ရက် နေ့လည် ၁ နာရီက ကျင်းပပြုလုပ်သည်။

တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့တွင် သီးနှံစုံ တစ်ပိုင်တစ်နိုင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများသည် ယခုအခါလတ်တလောဝင်ငွေရရှိသည့် မီးဖိုချောင်သုံး စားပင်သီးနှံများ၊ ပန်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြပြီး စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကြိုတင်ဆန္ဒမဲများစတင်ပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကြိုတင်ဆန္ဒမဲများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ပေးခဲ့သည်။

ငရုတ်ကောင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ၊ပြည်သူ့လုံခြုံရေး အကြမ်းဖက်နှိမ်နင်း‌ရေးအဖွဲ့ဝင်များနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ငရုတ်ကောင်းမြို့ အမှတ် ၁ ရပ်ကွက်မဲရုံနှင့်အမှတ် ၂ ရပ်ကွက် မဲရုံတို့၌ဆောင်ရွက်ခဲ့ကြသည်။
Subscribe to