တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မအူပင်မြို့ရှိပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွား ရေယာဉ်(စက္ခု) ဆေးရုံရေယာဉ်(ရွှေပုဇွန်)သည် ယမန်နေ့နံနက် ၈ နာရီအချိန်က မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာရှိမဟာသတိပဋ္ဌာန်ကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ်အတွင်းရှိ ‌ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ‌တေးမြို့နယ်၊ ဘုရားကြီးစံပြကျေးရွာ အ.ထ.က (ဘုရားကြီး)ကျောင်းတွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ  အသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဘုရားကြီး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်သွားရောက်ယှဥ်ပြိုင်ရာ၌ မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသူနှင့် တိုင်းအဆင့်ပထမဆုရရှိသူတို့အား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၁) ကျောင်းမှ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဗဟိုအဆင့်သွားရောက်ယှဥ်ပြိုင်ရာ၌ မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသူ  Grade -6 ကျောင်းသူ မမေလင်းသန့်နှင့် တိုင်းအဆင့်ပထမဆုရရှိသော Grade -5 ကျောင်းသား မောင်ဖြိုးဝဏ္ဏဗိုလ်တို့အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

ထားဝယ်မြို့၌ မဲဆန္ဒနယ်ပြင်ပရှိ ကျောင်းများတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်း နေထိုင်ကြပြီး မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများသည် မိမိတို့၏ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာသတ်မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိသည်။

ဗဟန်းမြို့နယ်၌ ဆန်စပါးကြိတ်ခွဲထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်းဖွင့်လှစ်သည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE)၊ Multipurpose Hall တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်ကြီးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် အသင်းဝင်ကုမ္ပဏီများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းကန်၊ သပြု၊ ဇင်းဘု၊ မကျက်ကြီးကျေးရွာများတွင် ပြုလုပ်ခဲ့သည်။

က၀မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုပ်ငန်းများပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ကဝမြို့ စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့(MORS)နှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)တို့၏ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းကရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အမှတ် (၄၆) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မူးယစ်​ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၇ ရက်‌နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ် 

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to